မွန်ပြည်နယ်အတွင်း ကျွဲကောပင်များ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မုဒုံမြို့တွင် အများအပြားစိုက်ပျိုး

မုဒုံ   စက်တင်ဘာ    ၂၄

မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြိုအနီးဝန်းကျင်တစ်ဝိုက်တွင် ကျွဲကောပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မုဒုံမြို့နယ်အတွင်း၌ ကာလ ရှည်သီးနှံများနှင့် အခြားသီးနှံများကိုလည်း တောင်သူများမှအများအပြား စိုက်ပျိုးကြသည်။

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် ရော်ဘာစိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်း သောပြည်နယ်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကျွဲကောပင်စိုက်ပျိုးမြေ (၃၃၉၃)ဧကရှိရာ တစ်ဧကလျှင် ကျွဲကောသီး အလုံးရေ(၄၈၀၀)ကျော် ထွက်ရှိကြောင်းနှင့်ကျွဲကောပင်သည် အကျိုးအမြတ်များသော နှစ်ရှည်သီးနှံဖြစ်သည့်အတွက်စိုက်ပျိုး နည်းစနစ်မှန်ကန်အောင် ကူညီဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူက ပြောသည်။

ကျွဲကောပင်များကို အစေ့မှလည်းကောင်း၊ ကိုင်းဆက်နည်းဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပြီး  စိုက်ပျိုးပြီး (၆)နှစ် အကြာတွင် အသီးစတင်ရရှိကြောင်း၊ ကျွဲကောပင် (၁၂) ပင် စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ဝင်ငွေကျပ် သိန်း(၃၀)ကျော်ရရှိနိုင်ကြောင်း မုဒုံမြိုနယ်မှကျွဲ ကောပင်စိုက် တောင်သူ တစ်ဦးကပြောသည်။ ကျွဲကောသီးများကို အသီးအရွယ်အစား အလိုက်အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၆၀၀၀)ကျပ် ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိပြီး အမြို့မြို့အနယ် နယ် ပြည်နယ်/တိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)