ကျိုက်ထို စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန် နေ့မှစတင်ထုတ်ပေးခဲ့ရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် ထုတ်ယူခွင့်ပေးပြီး အသက်အရွယ်ကြီးရင့်သူများကိုလည်း အခက်အခဲမရှိစေရေး အတွက်စနစ်တကျဆောင်ရွက်ပေးထားကြောင်းနှင့် စက်တင်ဘာ (၂၂) ရက် နေ့တွင်အငြိမ်းစားဝန်ထမ်း(၄၇၆)ဦးအားငွေကျပ် (၇၃,၂၀၉၆၉၄) ကျပ် (၅၅) ပြားကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ယခုအချိန်တွင် ကျိုက်ထိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်အား (Centralizede- Pension.) စနစ်ဖြင့် အဆင့်မြှင့်တင်ထားသည့်အတွက် မည်သည့်ဘဏ်မှမဆို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မြို့နယ် (ပြန်/ဆက်)