ပေါင်မြို့နယ်၌ ဥစားပိန်းများစျေးကောင်းရရှိ၍ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး

ပေါင် စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်းစိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

 ဥစားပိန်းပင်များကို မစိုက်မီမြောင်းပေါင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ပေါင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကိုရောစပ် ထည့်ပေးရကြောင်း၊ ပိန်ပင်‌ပေါက်များကို တစ်ပင်နှင့်တစ်ပင်တစ်ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက်(၈၀) ခန့်အကြာ တွင်စတင်၍ ဥများတူး‌ဖော်ကာ ရောင်းချရကြောင်း ပေါင်မြို့နယ် ကျုံကကျေးရွာမှ ဥစားပိန်းစိုက် တောင်သူတစ်ဦးက ပြောသည်။

 ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)