ပေါင် စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့်ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျခတ်ငူကျေးရွာ အ.မ.က(ဇရိုး)ကျောင်း၌ ပြုလုပ်ခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနွေး၊ ကျခတ်ငူကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ခွေးရူးရောဂါအကြောင်း ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ရဲအောင်က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများစသည့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှထုတ်ဝေသည့် ခွေးရူးရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်း စာစောင်များကိုပေးဝေခဲ့ကာ အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)