မွန်ပြည်နယ်

မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဗိုလ်တေဇ)၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဝါရီရူခန်းမ ၌ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း(Youth  Club)တို့ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်” အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက် မွန်းလွဲ(၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ

သထုံမြို့၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ဝါဆိုသင်္ကန်းနှင့် စာရေးတံမဲ စုပေါင်းလောင်းလှပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၏ ကာလဒါနစာရေးတံမဲလောင်းလှူခြင်းနှင့် ဝါဆိုသင်္ကန်းစုပေါင်းဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်က အဆိုပါကျောင်းတိုက်ရှိ ဘောဇနသုခဓမ္မသာလာကျောင်းဆောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်းသည့် အသိပညာပေးရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချစို့ အသိပညာပေး Talk Show ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချစို့ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြေယာအသုံးချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက် လျော့နည်းမှုမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ

ပေါင်မြို့နယ်၌ မိုးရာသီတွင် ရေကြီးနစ်မြှပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီ စိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးများ ရေကြီးနစ်မြှပ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲပြုလုပ်ခြင်းကို သဲဖြူကုန်းကျေးရွာ (အ.မ.က)ကန်ဖြူ ကျောင်း၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ရေကြီး‌ရေလျှံမှုဖြစ်ပွားသည့် ဒုံသမိချောင်းကမ်းနံဘေးရှိ ကျေးရွာများအား ထောက်ပံ့ကူညီမှုများ လိုက်လံဆောင်ရွက်

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံသမိချောင်းကမ်းနံဘေးမှ တိုင်းရင်းသားကျေးရွာများကို သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်နှင့် ဆေးဝါးများ လိုက်လံလှူဒါန်းကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်