မွန်ပြည်နယ်

ရေကြီး‌ရေလျှံမှုဖြစ်ပွားသည့် ဒုံသမိချောင်းကမ်းနံဘေးရှိ ကျေးရွာများအား ထောက်ပံ့ကူညီမှုများ လိုက်လံဆောင်ရွက်

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံသမိချောင်းကမ်းနံဘေးမှ တိုင်းရင်းသားကျေးရွာများကို သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်နှင့် ဆေးဝါးများ လိုက်လံလှူဒါန်းကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင် တက္ကသိုလ် စာပေဟောပြောပွဲ အခမ်းအနား တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်အခြေခံဦးစီးဌာန မော်လမြိုင်တက္ကသိုလ် စာပေဟောပြောပွဲအခမ်းအနားကို သြဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် သမဝါယမအသင်းစုလိမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် သမဝါယမအသင်းစုလိမိတက်၏ (၂၀၂၂ -၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ၁နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် Woman Club အဖွဲ့မှ စာဖတ်ဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း (Woman Club) တို့ ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်” အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပ ပြုလုပ်ခဲ့သည်။

သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာ ဗဟုသုတ မြင့်မားရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်သား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့က ချောင်းဆုံ (အ.ထ.က) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသား/သူများအား ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ ဥပဒေဆိုင်ရာနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ ရရှိစေရန်အတွက်ရည်ရွယ်ပြီး မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိနှင့် ဝန်ထမ်းများမှ ဩဂုတ်လ ၁၄ ရက်နေ့ က ကမာမို(အထက-ခွဲ) ကျောင်းနှင့် ကလွီ (အ.ထ.က) ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ကျိုက်မရော မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက အ.မ.က ဘိန်းဗျော ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်