မွန်ပြည်နယ်

ချောင်းဆုံမြို့နယ် ကွမ်လှာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွမ်လှာ (အ.လ.က) ကျောင်း နဝရတ်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးဦးမင်းစိုးမိုးထိုက်က အဖွင့်အမှာစကား ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက်(၁၉)နှစ်အောက် မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ခြေစမ်းဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက်(၁၉)နှစ်အောက် မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ခြေစမ်းဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် (၁) နာရီက ပေါင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း ထန်းတောကျောင်း၌နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်းသည့် အသိပညာပေးရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီက ကဒုံစီးရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်) ဒေးဗိန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ကာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ အ.ထ.က(ပေါင်) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးဖွင့်ပွဲကျင်းပ

ကျောင်းသား၊ကျောင်းသူများ အားကစားကိုစိတ်ဝင်စားမှု မြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်ပြုလုပ်သည့် ပေါင်မြို့နယ်၌ အ.ထ.က(ပေါင်) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အဆိုပါကျောင်းအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ လူတော်လူကောင်းများပေါ်ထွန်းရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ဩဂုတ်လ ၁၇ ရက်နေ့က မုရစ်ကလေး (အ.ထ.က) ကျောင်း ပညာရတနာခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဗိုလ်တေဇ)၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဝါရီရူခန်းမ ၌ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း(Youth  Club)တို့ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်” အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက် မွန်းလွဲ(၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်