ပေါင် ဩဂုတ် ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချစို့ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင် က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဇာသွယ်က အဏ္ဏဝါပတ်ဝန်းကျင်အကြောင်း၊ အဏ္ဏဝါအတွင်းသို့စွန့်ပစ်သည့် စွန့်ပစ်ပစ္စည်းများအကြောင်း၊ အဏ္ဏဝါညစ်ညမ်းလာရခြင်း၏ အရင်းအမြစ်များ၊ အဏ္ဏဝါစွန့်ပစ်ပစ္စည်းများကြောင့် လူမှုရေးနှင့်လူသားများ၏ ကျန်းမာရေး ထိခိုက်နိုင်မှုများ၊ ရေနေသတ္တဝါများအကောင်ရေ တစ်သန်းခန့် နှစ်စဥ်သေဆုံးနေရခြင်းများ၊ အဏ္ဏဝါစွန့်ပစ်ပစ္စည်းများ လျော့နည်းပပျောက်အောင် လုပ်ဆောင်သင့်သည်များနှင့် အဏ္ဏဝါပတ်ဝန်းကျင်မှရရှိနိုင်သည့် အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)