ပေါင်မြို့နယ်၌ မိုးရာသီတွင် ရေကြီးနစ်မြှပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီ စိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်

ပေါင် ဩဂုတ် ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးများ ရေကြီးနစ်မြှပ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲပြုလုပ်ခြင်းကို သဲဖြူကုန်းကျေးရွာ (အ.မ.က)ကန်ဖြူ ကျောင်း၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်လင်းလင်းမွန်နှင့် တာဝန်ကျဝန်ထမ်းများက ဇူလိုင်လတွင် နှစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် ရေကြီးနစ်မြှပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော တောင်သူများအား အရံမျိုးစပါးများ ဝယ်ယူပြီး အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးလုပ်ငန်းများကို  ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ပေါင်မြို့နယ်အနေဖြင့် မိုးတွင်းကာလမိုးသည်းစွာ  ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း (၁၀)ရွာမှ တောင်သူ (၁၂၅၃)ဦး၏ ရေကြီးနစ်မြှပ်သည့် ဧက (၁၃၂၄၇) ဧကရှိပြီး ပြန်ပေါ်လာသည့်ဧက (၁၁၇၂၆)ဧက ရှိခဲ့ပါသည်။ ထိခိုက်သည့် ဧကအနေဖြင့် (၁၉၇၈)ဧကရှိခဲ့ပြီး  လုံးဝပျက်စီးသွားသည့်ဧကမှာ (၁၂၆၁)ဧကဖြစ်ကြောင်းနှင့် ပျက်စီးသွားသည့် စိုက်ဧကများအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရံမျိုးစပါးများ ဝယ်ယူရန် ကူညီပေးခြင်းနှင့် နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)