ပေါင် ဩဂုတ် ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဝါရီရူခန်းမ ၌ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုအစည်းအဝေး ကျင်းပခြင်းသည် ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက်များကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံစေပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန် ရည်ရွယ်ပါကြောင်း အမှာစကားပြောကြားသည်။
၎င်းနောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များဖြည့်စွက်ပြောကြားပြီးနောက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)