ကျိုက်ထို ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်” အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက် မွန်းလွဲ(၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်သန်းသန်းမော်ကစာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Club)အဖွဲ့ဝင် မအိကြည်ဖြူက အဆိုပါစာအုပ်မှ ကံရာဇာငယ်၏အလှူမဏ္ဍပ်ခေါင်းစဉ်ကိုလည်းကောင်း၊ အဖွဲ့ဝင်ကိုဖြိုးဝေအောင်မှ ပညာတတ်ဖို့စာဖတ်ရမည်ခေါင်းစဉ်တို့ကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသောအဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကျိုက်ထိုပြန်/ဆက်