မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးကာအင်္ကျီနှင့်ရွက်ဖျင်တဲများပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်     ဩဂုတ်  ၂၂

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော မိုးကာအင်္ကျီနှင့် ရွက်ဖျင်တဲများပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက အဖွင့်အမှာစကား ပြောကြားပြီး  မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ လုံခြုံရေးကွင်းဆင်းဆောင်ရွက်ကြသည့် Pilot Project အဖွဲ့များထံသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ မှထောက်ပံ့သော မိုးကာအင်္ကျီနှင့် ရွက်ဖျင်တဲများကို တာ၀န်ရှိသူများက အသီးသီး ပေးအပ် ခဲ့သည်။

အခမ်းအနားသို့ မော်လမြိုင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တပ် နယ်မှူး၊ အတွင်းရေးမှူးခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မော်လမြိုင်၊မုဒုံ၊ချောင်းဆုံ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊‌ မော်လမြိုင်မြို့ပေါ်ရပ်ကွက် (၂၉)ရပ်ကွကမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်ပြန်/ဆက်