သံဖြူဇရပ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

သံဖြူဇရပ် သြဂုတ် ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား  ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း​ သိရသည်။

ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၃ ရက်နေ့မှ စတင်၍ ကျောင်းအားကစား ဘောလုံးကွင်းတွင် အသင်း(၅)သင်းဖြစ်သည့် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလအသင်း(၅)သင်းတို့မှ ဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် ကစားခဲ့ရာ ဗိုလ်လုပွဲတွင် ဘုရင့်နောင်ဘောလုံးအသင်းနှင့် အနော်ရထာ ဘောလုံးအသင်းတို့ နောက်ဆုံး ပွဲစဥ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ ဘုရင့်နောင်ဘောလုံးအသင်းက အနော်ရထာဘောလုံး အသင်းကို (၅)ဂိုး(၄)ဂိုးဖြင့်အနိုင်ရဗိုလ်စွဲကာ ပထမ ဆုဖလားကြီးအား ဆွတ်ခူးရရှိခဲ့သည်။

ထို့နောက် အနိုင်ရအသင်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းမြင့်နှင့် ဆရာ/ဆရာမများမှ ဆုဖလားနှင်း ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)