ကျိုက်မရော သြဂုတ် ၂၄
မွန်ပြည်နယ်၊အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှုးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံယိုမျိုးစုံ) ထုတ်လုပ်မှု နည်းပညာသင်တန်း(ပထမအကြိမ်) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီက ကျိုက်မရောမြို့ ရသေ့ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နှင်းနှင်းယုက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။
အဆိုပါ သီးနှံအခြေခံယိုအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းကို သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)