မွန်ပြည်နယ်

မုဒုံမြို့၌ မိုးကာအုပ်ရော်ဘာအစေးခြစ်နည်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာပင်များ မိုးကာတပ်ဆင်အစေးခြစ်နည်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်အမှတ် (၈)၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ မီးဘေးလုံခြုံရေး အဆောက်အဦတွင်၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ လျှပ်စစ်အန္တရာယ်ကြောင့် မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရန်အတွက် ရည်ရွယ်ပြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (လျှပ်စစ်အင်ဂျင်နီယာရုံး)နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး၊ သြဂုတ် ၂၅ ရက်နေ့က၊ မီးဘေးလုံခြုံရေးအတွက် အဆောက်အဦများတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မော်လမြိုင်မြို့၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များ အသင်းတို့အပြင် သားငါးဟင်းသီးဟင်းရွက်ဈေးသည်များတို့မှ ပူးပေါင်း၍ ဆန်နှင့် စားသုံးဆီများ၊ အခြေခံစားကုန်များ၊ အသားငါးများနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

မုဒုံမြို့ အ.ထ.က (ခွဲ) ကော့ခပုံစာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က (ခွဲ) ကော့ခပုံစာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို (အ.ထ.က) ဇင်းကျိုက်၊ ရတနာမွန်ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီက ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ သမဝါယမအသင်းအမှုဆောင်နှင့်အသင်းဝန်ထမ်းများ မွမ်းမံသင်တန်း ဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သမယမအသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပခြင်းကို ယမန်နေ့ညနေပိုင်းက ပေါင်းရပ်ကွက်ရှိ အသင်းစုရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာပေါ်ထွက်လာစေရေးရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ပေါင်မြို့နယ် အ.ထ.က(ကျွဲခြံ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်