ချောင်းဆုံမြို့နယ်၌ မီးဘေးလုံခြုံရေး အဆောက်အဦတွင်၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ  သြဂုတ်  ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ လျှပ်စစ်အန္တရာယ်ကြောင့် မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရန်အတွက် ရည်ရွယ်ပြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (လျှပ်စစ်အင်ဂျင်နီယာရုံး)နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး၊ သြဂုတ် ၂၅ ရက်နေ့က၊ မီးဘေးလုံခြုံရေးအတွက် အဆောက်အဦများတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ အဖွဲ့သည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ သွယ်တန်းထားရှိသည့် လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ၊ မိန်းခုံ၊မိန်းခလုတ်များ၊ မီးပလပ်ပေါက်များ စနစ်တကျနှင့် တပ်ဆင်ထားရှိမှု အခြေအနေ၊ သွယ်တန်းထားသည့် မီးကြိုးများ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှုရှိ/မရှိ အခြေအနေ၊ မီးသတ်ဆေးဗူးများ ထားရှိမှု အခြေအနေများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြပြီး မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)