မော်လမြိုင် စက်တင်ဘာ ၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ လက်ကိုင်ဖုန်း (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းနှင့် ရုပ်သံလွှင့်မီဒီယာဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူး (ညွှန်ကြားရေးမှူး) ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တည်ဆဲအခွန် ဥပဒေများနှင့်အညီ လက်ကိုင်ဖုန်း (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းနှင့် ရုပ်သံလွှင့်မီဒီယာဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများအား အသိပေးရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များမှ မရှင်းလင်းသည့် အချက်များအား မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ လုပ်ငန်းရှင် (၁၀၅) ဦးနှင့် အခွန်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)