ကျောက်ဖြူပညာ‌ရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်(တတိယနေ့) ဈေးရောင်းပွဲတော် ကျင်းပ ပြုလုပ်ရာ လာရောက်အားပေးကြသူများဖြင့် အထူးစည်ကား

ကျောက်ဖြူ   စက်တင်ဘာ  

ပညာ‌ရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဈေးရောင်းပွဲတော်အား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကောလိပ် ကျောင်းခြံဝန်းတွင် ကျင်းပပြုလုပ်ရာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လာရောက်ဝယ်ယူအားပေးကြသည့် ပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

အဆိုပါ လူငယ်သီတင်းပတ် ဈေးရောင်းပွဲတော်တွင် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ တက်ရောက်သင်ယူလျက်ရှိသော တန်းခွဲ(၁၀)ခန်းမှ ကျောင်းသား၊ ကျောင်းသူများမှ ဈေးဆိုင်ခန်း (၁၀)ခန်းဖွင့်လှစ်၍ မြန်မာ့ရိုးရာမုန့်များဖြစ်သည့် ရွှေအင်အေး၊ ပေါင်မုန့်အုန်းနို့ဆန်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကြာဇံသုပ်၊ အစရှိသည့် ရိုးရာမုန့်များအား ရောင်းချပေးလျက်ရှိပြီး  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဝယ်ယူအားပေးကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကာ ယနေ့ ညနေပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများနှင့် ညစာစားပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကောလိပ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် အဆိုပါ လူငယ်သီတင်းပတ် အခမ်းအနားလှုပ်ရှားမှုများ၌ လူငယ်စကားဝိုင်းများ၊ ကဗျာရွတ်ဆိုခြင်းများ၊ စာပေဟောပြောပွဲများ၊ လက်တွေ့တန်းပြလေ့ကျင့်မှု အတွေ့အကြုံရှင်းလင်းခြင်းများ၊ ဘာသာရပ်ဌာနပြခန်းများ ပြသခြင်းများနှင့် တန်းခွဲအလိုက် ဈေးရောင်းပွဲတော်ကျင်းပခြင်းတို့ကို  စက်တင်ဘာလ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း