မုဒုံမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မုဒုံ စက်တင်ဘာ ၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စက်တင်ဘာ ၁၃ ရက်နေ့၌ ကျရောက်မည့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို မွန်ပြည်နယ် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူလူငယ်လူရွယ်များ လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး  အသိပညာဗဟုသုတများ တိုးပွားစေရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင် ပြည်သူတစ်ရပ်လုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် (၈) ဦး၊ အလယ်တန်းအဆင့် (၁၄) ဦးတို့က “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်” ခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)