ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ပန်းကုန်းမွန် (အ.ထ.က) ခွဲကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများကို လည်းကောင်း၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများနှင့် ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများကိုလည်းကောင်း၊ ခွေးရူးရောဂါခံစားနေရသည့် ခွေးများကိုခွဲခြားနိုင်သည့် အချက်များကိုလည်းကောင်း၊ လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကို လည်းကောင်း၊ လူတွင်ခွေးကိုက်ခံရပါက  ခွေးရူးရောဂါမဖြစ်အောင်ကာကွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးရမည့်အခြေအနေများကို လည်းကောင်း၊ ခွေးရူးရောဂါနှင့် ပတ်သတ်၍ သတိပြုလိုက်နာရမည့် အချက်များကိုဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင့်ပတ်သတ်သည့် လက်ကမ်းစာစောင်များ ဝေပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဝင်းအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး (အ.ထ.က) ခွဲကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)