ပေါင်မြို့နယ်၊ ကျုံကကျေးရွာ၌ ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

သထုံ     စက်တင်ဘာ    ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေလူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေးအတွက် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျုံကကျေးရွာရှိ ရန်ကင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ခင်မြတ်အေးက အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် "အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း"တွင်ပါဝင်သည့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မှုအဖြစ် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူများထံ သင်‌တန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ကြပြီး စက်တင်ဘာလ(၂၁)ရက်နေ့မှ အောက်တိုဘာလ(၅)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူ(၅) ဦးအားစိစစ်ရွေးချယ်ကာ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်