မွန်ပြည်နယ်

မော်လမြိုင်မြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဒေသခံတောင်သူများက ဇွန်လဆန်းပိုင်းမှ စပြီး မိုးစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလဆန်းပိုင်းတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး တောင်သူများအားနေကြာမျိုးစေ့ဖြန့်ဝေ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ်အရောက်ပေးအပ်ခြင်းကို အောက်တိုဘာ(၂၀)ရက်နေ့က ကမာကေး၊ကွမ်လှာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူများအား နေကြာစိုက် ဧက(၂၆၀)ဧက အတွက် ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့များဖြန့်ဖြူးပေးအပ်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ် မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်                  

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းတို့သည်  ပြည်နယ်/ခရိုင် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ အနောက်ပိုင်း၊ ဇိနရံသီပရိယတ္တိကျောင်းတိုက်၌ မုဒုံမြို့နယ် မွန်စာပေနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် မော်လမြိုင်မြို့နယ်ရှိ မော်လမြိုင် အချုပ်ထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ်တရားရေး ဦးစီးမှူး၊ မော်လမြိုင်ခရိုင် တရားသူကြီးနှင့် မော်လမြိုင်မြို့နယ် တရားသူကြီးတို့လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင် အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၌ တရားဝင် မှတ်ပုံတင် ထားခြင်းမရှိသည့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါး ပစ္စည်းအရောင်းဆိုင်များတွင် တရားဝင် မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်း ဖြန့်ချိလျက်ရှိသည့် ဆေးဝါး ရောင်းချခြင်းများရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စျေးကွက်ဝင် နှစ်ရှည်သီးနှံကွမ်းသီးပင်များ စီပွားဖြစ်စိုက်ပျိုးသူများ စျေးကောင်းရရန် မျှော်လင့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စျေးကွက်ဝင်နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်များအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်တွင် ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

သထုံမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သဲပုံစေတီပွဲကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မွန်လူမျိုးတို့၏ ရိုးရာဓလေ့သဲပုံစေတီပွဲကို ယမန်နေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ပုရဝုဏ်အတွင်း သဲသောင်ပြင်၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်