ဘီးလင်း အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါး ပစ္စည်းအရောင်းဆိုင်များတွင် တရားဝင် မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်း ဖြန့်ချိလျက်ရှိသည့် ဆေးဝါး ရောင်းချခြင်းများရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်း ရောင်း ချလျက်ရှိသည့်ဆေးနှင့် ပုံစံတူပြုလုပ်ထားပြီး တရားဝင် ဆေးဝါးမှတ်ပုံတင် ခွင့်ပြုချက်အမှတ်မပါရှိဘဲ တရား မဝင် တင်သွင်းဖြန့်ချိနေသည့် Parbisure အမှတ်တံဆိပ် IV/HV Injection ဆေးဝါးများကို ဈေးကွက်အတွင်းတရား မဝင်တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးပြီး တရားမ၀င်တင်သွင်းဖြန့်ချိနေသည့် ဆေးဝါးများအား ရောင်းချပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဆေး နှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၌ အဆိုပါ တရား မဝင် တင်သွင်းဖြန့်ချိလျက်ရှိသည့် ဆေးဝါးရောင်းချခြင်း မရှိကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)