မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ် မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်                  

မော်လမြိုင် အောက်တိုဘာ ၂၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းတို့သည်  ပြည်နယ်/ခရိုင် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ အနောက်ပိုင်း၊ ဇိနရံသီပရိယတ္တိကျောင်းတိုက်၌ မုဒုံမြို့နယ် မွန်စာပေနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ် များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်‌တော့ဖွင့်လှစ်ပြီး သာသနာ ဝေပုလ္လာရာမ ကျောင်းတိုက်ဆရာတော် ဉုးပါလိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အရှေ့ တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ ကြွရောက်လာသော ဆရာတော်ကြီး များအားလှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တို့မှ ဝါတော် ၅၀ နှစ် အထက် ဆရာတော်ကြီးများ ပူဇော်ကန့်တော့ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်းနှင့်သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျောက်ထားပြီး ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိကျောင်းတိုက် ဆရာတော် ဉုးနန္ဒနမှ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား အဆောင်ကျွန်းနက်ပုတီး လက်ဆောင် ပေးအပ်ခဲ့ကြောင်းသိရသည်။

 မုဒုံမြို့နယ် ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိကျောင်းတိုက်၌ မုဒုံမြို့နယ် မွန်စာပေနှင့်ဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန့်တော့ပွဲ အခမ်းအနားသို့ ဇိနရံသီပရိယတ္တိ ကျောင်းတိုက် ဆရာတော် ဉုးနန္ဒန၊ ကော့ခပုံကျေးရွာ၊ သာသနာ ဝေပုလ္လာရာမ ကျောင်းတိုက် ဆရာတော် ဉုးပါလိ၊ ကျိုက်မရော မြို့နယ်၊ ကော့ပလိုင်ကျောင်းတိုက် ဆရာတော် ဉုးကေတုမာ လာ၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်၊ မြဝတီမြို့၊ ရန်ကုန်မြို့ တို့မှ ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီး ၅၂ ပါး တို့အား ဖူးမြော်ကြည် ညိုပူဇော် ကန်တော့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်