ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး တောင်သူများအားနေကြာမျိုးစေ့ဖြန့်ဝေ

ချောင်းဆုံ     အောက်တိုဘာ   ၂၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ်အရောက်ပေးအပ်ခြင်းကို အောက်တိုဘာ(၂၀)ရက်နေ့က ကမာကေး၊ကွမ်လှာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူများအား နေကြာစိုက် ဧက(၂၆၀)ဧက အတွက် ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့များဖြန့်ဖြူးပေးအပ်ခဲ့ကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်တွင် ဆီထွက် သီးနှံနေကြာစိုက်ပျိုးရာသီ၌ စိုက်ပျိုးရန်လျာထားဧက (၃၁၇၀)ဧကရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၁၄၄၈)ဧကအတွက်မျိုးစေ့များရောက်ရှိပြီး ကမာကေးကျေးရွာရှိ တောင်သူများအား ဧက(၂၀၀)၊ ကွမ်လှာကျေးရွာရှိတောင်သူများအားဧက(၆၀) စာကိုယနေ့တွင်ဖြန့်ဝေ ပေးခဲ့ပြီး တောင်သူများနေကြာသီးနှံ အချိန်မီစိုက်ပျိုး နိုင်ရေးနှင့် လျာထားဧကထက် ကျော်လွန်စွာ စိုက်ပျိုးနိုင်ရန်အထွက် နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များအား  ကျန်ရှိသည့်ကျေး ရွာများ သို့ဆက်လက်ဖြန့်ဖြူး ပေးလျက်ရှိကြောင်းနှင့် နေကြာမျိုးစေ့များ ထမ်မံရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇာဇာ(ပြန်/ဆက်)