မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် မော်လမြိုင်မြို့နယ်ရှိ မော်လမြိုင် အချုပ်ထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

မော်လမြိုင် အောက်တိုဘာ ၂၁

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ်တရားရေး ဦးစီးမှူး၊ မော်လမြိုင်ခရိုင် တရားသူကြီးနှင့် မော်လမြိုင်မြို့နယ် တရားသူကြီးတို့လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင် အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။

ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့သည် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်၊ အချုပ်ထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ အချုပ်ခံရသူနှင့် အကျဉ်းကျခံရသူများ၏ အမျိုးသား၊ အမျိုးသမီးဆောင်များ၊ စားဖိုဆောင်၊ အချုပ်ထောင်ဆေးရုံ၊ အချုပ်ထောင် ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မော်လမြိုင်အချုပ်ထောင်တာဝန်ခံ အရာရှိတို့က အချုပ်ခံရသူနှင့် အကျဉ်းကျခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သောက်သုံးရေရရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်မှ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများခံစားနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်