မွန်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနား တက်ရောက်
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။