ရေးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများသည် မတ် ၅ ရက်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာကျောင်းများ၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်သည့် စာသင်ကျောင်းများနှင့် မြသီတာဈေးကြီးတို့၌ ကွင်းဆင်းစစ်ဆေးသည်။