ကျိုက်ထိုမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်း ပညာပေးသင်တန်း ဖွင့်လှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်းပညာပေးသင်တန်းကို နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။