မွန်ပြည်နယ်

သထုံမြို့၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအား ကြက်ဥနှင့် နွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကြက်ဥနှင့်နွားနို့အာဟာရတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

သံဖြူဇရပ်၌ ဒူးရင်းနှင့်​ရော်ဘာသီးနှံမြေပြင်စိုက်ဧကနှင့် စိုက်ပျိုးထုတ်လုပ်မှုအ​ခြေအ​နေသိရှိနိုင်ရေး ​ဆောင်ရွက်မည့်သုတေသန စစ်တမ်း​ကောက်ယူခြင်းလုပ်ငန်း ရှင်းလင်း​ဆွေး​နွေးခြင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဒူးရင်းနှင့်​ရော်ဘာသီးနှံစိုက်ပျိုးမှု​ မြေပြင်စိုက်ဧကနှင့် စိုက်ပျိုးထုတ်လုပ်မှုအ​ခြေအ​နေ သိရှိနိုင်​ရေးဆောင်ရွက်မည့် သု​တေသန စစ်တမ်း​ကောက်ယူခြင်းလုပ်ငန်း ရှင်းလင်း​ဆွေး​နွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အာဟာရနွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန် နေ့မှစတင်ထုတ်ပေးခဲ့ရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၁၃၈၇) ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာ‌ပေးဟောပြောခြင်းနှင့် ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့်ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျခတ်ငူကျေးရွာ အ.မ.က(ဇရိုး)ကျောင်း၌ ပြုလုပ်ခဲ့ရာ မြို့နယ်မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနွေး၊ ကျခတ်ငူကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ဥစားပိန်းများစျေးကောင်းရရှိ၍ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်းစိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မုဒုံမြို့ပေါ်ရှိ ဆန်ဂိုထောင်များနှင့် ဆန်စျေးဆိုင်ကြီးများအား စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ဆန်ဂိုထောင်များနှင့် ဆန်စျေးဆိုင်ကြီးများတွင်စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်