မုဒုံမြို့၌ မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရေရှည်တည်တံ့သော မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။