ကျိုက်မရော မတ် ၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ကျင်းပပြုလုပ်သည့် (၇၆)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာ တရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၅ ရက် နေ့လယ် ၁ နာရီက ကျိုက်မရောမြို့ ဇေတဝန်ကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်မြဆရာတော်ကြီးထံမှ သြဝါဒစကားနှင့် ငါးပါးသီလခံယူ ဆောက်တည် ကြသည်။
ယင်းနောက် ဆုများကိုချီးမြှင့်ရာ ပြည်နယ်ပထမဆု(မြန်မာဘာသာ) အငယ်တန်း၊ မွန်ဘာသာအငယ်တန်းပြည်နယ် ဒုတိယဆုရမြန်မာ ဘာသာအငယ်တန်း၊ မွန်ဘာသာအငယ်တန်း ဆုရသူ များအာဆုချီးမြှင့်ပြီး ပြည်နယ်အဆင့် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုများကိုတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြပြီး (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာပေများကို ကြိုးစားပြီး သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမ (၈) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့အား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး