သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သထုံ မတ် ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိအား တာဝန်ရှိသူများပူးပေါင်းကာ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စနစ်တကျရောင်းချပေးရေးနှင့် သတ်မှတ်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချရေး၊ သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချရေး၊ ဆီ‌ပေပါ/ဆီပုံး/သံပုံးများဖြင့် ရောင်းချခြင်းမရှိရေးတို့ကို လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)