မော်လမြိုင်မြို့နယ်၌ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း) သင်တန်းဖွင့်ပွဲကျင်းပ

မော်လမြိုင် မတ် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) အစည်းအဝေးခန်းမ၌ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ခင်မာအေးက အဖွင့်အမှာစကားပြောကြားပြီး အဆိုပါသင်တန်းသို့ မွန်ပြည်နယ် သမဝါယမဦးစီးဌာနနှင့် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ အမှုထမ်းဝန်ထမ်း (၄ဝ) ဦး တက်ရောက်၍ သင်တန်းတွင် သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန်အတွက် (၉-၃-၂၀၂၆ ) ရက်နေ့မှ ( ၂၃-၃-၂ဝ၂၆ ) ရက်နေ့ထိ နှစ်ပတ်ကြာ သင်တန်းဖွင့်လှစ်ပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)