သထုံမြို့နယ် စားပွဲတင်တင်းနစ်ဆပ်ကော်မတီဥက္ကဋ္ဌဖလားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သထုံ မတ် ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သထုံမြို့နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီတို့ပူးပေါင်းကျင်းပသည့် မြို့နယ်စားပွဲတင်တင်းနစ်ဥက္ကဋ္ဌဖလား ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၈ ရက်နေ့က သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ မိုးလုံ လေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နံနက် ၈ နာရီအချိန်မှစတင်၍ ပြိုင်ပွဲများကိုကျင်းပပေးရာ မွန်ပြည်နယ်အတွင်းရှိ စားပွဲတင် တင်းနစ်ဝါသနာရှင် အားကစားသမားများက တစ်ဦးချင်းယှဉ်ပြိုင်ခြင်းနှင့် နှစ်ယောက်တွဲ အဖွဲ့လိုက် ယှဉ်ပြိုင်ခြင်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်း‌နောက် မွန်းလွဲပိုင်းတွင် ပြိုင်ပွဲအသီးသီးတို့မှ ဆုရအားကစားသမားများအား သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုး၀င်း၊ မြို့နယ်စားပွဲတင် တင်းနစ်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလွင်မျိုးခိုင်နှင့်တာဝန်ရှိသူတို့က အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)