ပေါင်မြို့နယ်၌ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

ပေါင် မတ် ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄) ခု၌ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် နို့နှင့် နို့ထွက်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော နို့နှင့် နို့ထွက်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော နို့နှင့် နို့ထွက်ပစ္စည်းများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)