သံဖြူဇရပ်မြို့ အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဝဲကလိတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် မတ် ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၆ရက် နံနက်ပိုင်းက အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ​​ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးထွန်းနေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ အုပ်ချုပ်မှု ဌာနမှူး၊ ဌာနမှူး (အမျိုးသားစစ်မှုထမ်းစစ်အခြေခံသင်တန်းဌာန)၊ သင်တန်းမှူးများ၊ နည်းပြအရာရှိ/ စစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား ၁၁၀ ဦးတက်ရောက်ခဲ့ပြီး ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ထွန်းနေဝင်းက သင်တန်းဆင်းမိန်းခွန်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)