မော်လမြိုင်မြို့ သားဖွားသင်တန်း ကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းပြုလုပ်

မော်လမြိုင် မတ် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သားဖွားသင်တန်းကျောင်း၌ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မော်လမြိုင်ခရိုင်မီးသတ်ဦးစီးမှူးဦးမြင့်ဦးက သားဖွားသင်တန်းကျောင်း၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သားဖွားသင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ သက်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ခင်စန်းမြင့်(ပြန်/ဆက်)