ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်

ဘီးလင်း နိုဝင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး‌ ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်၌စတင်ကာ ကွင်းဆင်းကောက်ယူလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းသို့ ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရင်းကောက်အဖွဲ့ဝင်များက အဖွဲ့  (၄)ဖွဲ့ ခွဲကာတိရစ္ဆာန် ကောင်ရေစာရင်းလိုက်လံ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရာတွင် ဘီးလင်းမြို့နယ်အတွင်းမှ မြို့ပေါ်ရပ်ကွက်(၁)ခုနှင့် ကျေးရွာ (၅)ရွာတို့အား နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ (၃၁)ရက်အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဘီးလင်း (ပြန်/ဆက်)