မွန်ပြည်နယ်ဝန်ကြီးချုပ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ၊ အုပ်ချုပ်သူအဖွဲ့သားများအား ဂုဏ်ပြုကြိုဆို
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ၊ အုပ်ချုပ်သူအဖွဲ့သားများအား ယမန်နေ့ညနေပိုင်းက သံလွင်တံတား (မော်လမြိုင်) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသား၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများက အောင်သပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခဲ့ကြသည်။