ကျိုက်ထို အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့၌ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ပြည်တွင်း၊ ပြည်ပမှ ဘုရားလာရောက် ဖူးမြော်ကြသူ (နှစ်သောင်း) ဦးခန့်ရှိပြီး ပြည်တွင်းဘုရားဖူးများပြားကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြှော်နိုင်ရန်အတွက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုလို ဘုရားဖူးများလာရောက်သည့်အတွက် ပွဲတော်ဖွင့်ပွဲအား စည်စည်ကားကား ဆောင်ရွက်နိုင်သည့်အပြင် ကျိုက်ထီးရိုးရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့်စည်ကားနေသည့်အပြင်၊ တည်းခိုဆောင်များ၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ဝင်းမောင်