သထုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။