ချောင်းဆုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ နိုဝင်ဘာ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသု တိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက မုရစ်ကြီးအရှေ့ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းချောက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသတတိုးပွားရေး သုတ/ရသ စာပေများ ဖတ်ရှုကြရန်ဟောပြောခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကလေးစစ်သားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ချောချော (ပြန်/ဆက်)