ကျိုက်မရော နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ ကျိူက်မရောမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျိုက်မရောမြို့နယ် ဒုတိယပညာရေးမှူးဦးညဏ်လင်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသန္တာထွန်းက လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးနိုင်လင်းထက်က စားသုံးသူအခွင့်အရေးနှင့် သက်တမ်းလွန်စားသောက်ကုန်များ၏အန္တရာယ်များအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝင်းက လူငယ်နှင့်အားကစားလေ့ကျင့်ခန်းများအကြောင်းကို သရုပ်ပြဟောပြောခဲ့ကြသည်။
ဆက်လက်၍ “လူကုန်ကူးမူအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)