သထုံ နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စီစဉ်ကျင်းပသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မွန်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မွန်/ကရင်ပြည်နယ် စီမံချက်တာဝန်ခံ ဒေါ်ဖြိုးသီရိစံက ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်ပတ်သက်၍ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်း၊ ထိခိုက်မှုလျော့ပါးရေး အသိပညာပေးခြင်း၊ အကူအညီပေးခြင်းစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)