သံဖြူဇရပ် နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ဝယ်သွန်ချောင်ကျေးရွာမူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်/စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်မွန်ကအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက ကျောင်းသားကျောင်းသူများအား ကျောင်းစာများကိုကြိုးစားသင်ယူရင်း အားလပ်သည့်အချိန်များတွင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုဖတ်ရှုကြစေရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးမူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးစသည့် နံရံကပ်စာစောင်များနှင့်သုတရသစာအုပ်များကို ပြသထားရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)