သထုံမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သထုံ      နိုဝင်ဘာ       ၈

မွန်ပြည်နယ်၊ သထုံခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကလေးများအပေါ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်းပပျောက်စေရန်နှင့်တွေ့ရှိပါက ထိရောက်စွာတားဆီးနိုင်ရေး၊ ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးရေးစသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်တို့ကလည်း ကလေးအလုပ်သမားဖယ်ရှားရေး၊ လျော့နည်းပပျောက်ရေး၊ ပြန်လည်ကုစားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာတို့ကို ရလဒ်ကောင်းများရရှိအောင် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက သထုံခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် လုပ်ငန်းတာဝန်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း အဓိပ္ပါယ်သတ်မှတ်ချက်များနှင့် ယင်းသို့ခိုင်းစေခြင်းအတွက် ပြစ်မှုပြစ်ဒဏ်များတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် လုပ်ငန်းဆပ်ကော်မတီဝင်အသီးသီးတို့က ကလေးအလုပ်မား‌လျော့နည်းပပျောက်ရေး၊ ပြန်လည်ကုစားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာဆောင်ရွက်ချက်များကို မိမိတို့ကဏ္ဍအလိုက်ရှင်းလင်းရာ ခရိုင်လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်တို့ကို ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သထုံခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၌စတင်ဖွဲ့စည်းခဲ့ပြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီပါအဝင် လုပ်ငန်းဆပ်ကော်မတီ(၈)ခုတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်