သထုံ နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆးရာတွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့နယ်အတွင်း၌ Good day၊ မိုးကောင်းကင်၊ ရွှေလင်းလက်၊ MS နှင့် ဦးကဲ အမှတ်တံဆိပ်တို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်စက်ရုံများသို့သွားရောက်ကာ အများပြည်သူအလွယ်တကူသိရှိနိုင်မည့် ကုန်အညွှန်းအမှတ်အသားများ ပါ/မပါနှင့် ပြည့်စုံမှန်ကန်မှု ရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)