မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကျောင်းသား/သူ ကလေးများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ကမာဝက်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပသည်။                                    

ဦးစွာအခမ်းအနားတွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်သင်းသီရိဝေနှင့် ဒေါ်နှင်းအိခိုင်က .ထ.က (၃)၊ ကမာဝက်မြို့ အထကကျောင်းတွင် ကျောင်းသား/သူများ စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်းကိုးနည်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးကစားနည်းများဖြစ်ကြသည့် သတ်မှတ်ထားသော ပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ရသော ကစားနည်း၊ မီးလောင်စာ မီးငြိမ်းသတ်ရေးကတ်များကိုအသုံးပြု၍ ကစားနည်း၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ကစားနည်း၊ အိမ်တွင်ရှိသည့် ပစ္စည်းများနှင့် ရှေးဦးသူနာပြုစုရမည့်ကစားနည်း၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်ကစားနည်း၊ သဘာဝဘေးအန္တရာယ်များသည့်အခါ ယူဆောင်သွားရမည့်ပစ္စည်းများကို စဉ်းစားတတ်စေရန်နည်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသုံးပြု၍ ဉာဏ်စမ်းကစားနည်း၊ ကလေးများလွယ်ကူစွာနားလည်နိုင်သော ရုပ်ပုံများကို အဆင့်လိုက်ဆက်သည့် ကစားနည်း၊ ကြိုးကလေးပုံပြင်စသည့် ကစားနည်းများကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ၍ ကိုယ်တိုင်ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)