ကျိုက်ထို နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်ရှိ စည်ပင်သာယာ (မြို့မ) ဈေး၌ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများတို့က ပွင့်လင်းရာသီကာလ၌ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ စနစ်တကျထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မြို့မဈေးအတွင်း၌ မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်များ၊ မီးချိတ်/မီးကပ်၊ မီးသတိပေးစာတမ်းများ၊ လျှပ်စစ်ဝါယာ သွယ်တန်းမှုစနစ်များ ကောင်းမွန်ခြင်း ရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် စစ်ဆေးရေးအဖွဲ့မှ ဈေးကော်မတီဝင်များနှင့် ဈေးရောင်းချနေသူများအား ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)