သထုံမြို့၊ သုဝဏ္ဏဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

သထုံ နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ နိုဝင်ဘာလ ၉ ရက်၊ မွန်းလွဲပိုင်းက အောက်ကျင်းရပ်ကွက်ရှိ "သုဝဏ္ဏ" စည်ပင်သာယာဈေး၌ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခဲ့ကြသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်း၊ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်မှူး ဦးတင်အောင်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများတို့က ပွင့်လင်းရာသီကာလ၌ ဈေးကြီးအတွင်း မီးငြှိမ်းသတ်ရေးအတွက်ဆောင်ရွက်ထားရှိသည့် Hydraunt များ ကောင်းမွန်ရေး၊ ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်များ၌ ရေအသင့်ရှိ‌ရေး၊ မီးချိတ်/မီးကပ်၊ မီးသတ်ဆေးဘူးများ၊ မီးသတိပေးစာတန်းများ စနစ်တကျရှိရေး၊ လျှပ်စစ်ဝါယာသွယ်တန်းမှုစနစ်များအား ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုမရှိစေရေးတို့ကို လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)